ဆယ္လီသတင္း

စူပါမင္းသားေနတိုးရဲ႕ (၄၅) ရက္ၾကာ ျပင္ဆင္မႈေတြနဲ႔ ဖန္တီး႐ိုက္ကူးထားတဲ့ ဝင္းဦးနဲ႔ေနတိုး ႏွစ္ကိုယ္ခြဲဗြီဒီယိုေလး

ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသားတစ္လက္ျဖစ္တဲ့ ေနတိုးကေတာ့ အခ်စ္၊အလြမ္း၊အၾကမ္း၊ဟာသ ဇာတ္႐ုပ္မ်ိဳးစုံကို ပိုင္ႏိုင္စြာသ႐ုပ္ေဆာင္ႏိုင္တဲ့အျပင္ သူမ်ားထက္

အားသာခ်က္ေတြအေနနဲ႔ အသံေကာင္းသူတစ္ေယာက္ ျဖစ္သလို Special Make-up Effect ေတြကိုပါ ပိုင္ႏိုင္စြာ လိမ္းျခယ္ႏိုင္သူတစ္ေယာက္ပါ။

ဒီေန႔မွာေတာ့ ေနတိုးက သူပိုင္ႏိုင္တဲ့ပညာရပ္ေတြအကုန္သုံးၿပီး ႐ိုက္ကူးထားတဲ့ ဗြီဒီယိုေလးတစ္ခုကို ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးခဲ့ပါတယ္။ ကိုဗစ္ကာလ

အိမ္မွာနားေနစဥ္ ဝိတ္တက္လာတဲ့အေပၚမွာ စြယ္စုံရအႏုပညာရွင္ ဦးဝင္းဦးရဲ႕ ေဝဖန္ေထာက္ျပခ်က္ကို ျပန္လည္ဆင္ေျခေပးထားတာကို စိတ္ကူးယဥ္ ႐ိုက္ကူး

ထားတဲ့ ဗြီဒီယိုေလးျဖစ္ၿပီး ဒီဗြီဒီယိုေလးကို ဖန္တီးခဲ့ရာမွာေတာ့ လြန္ခဲ့တဲ့ (၄၅) ရက္က ဝိတ္တက္ေနတဲ့ခႏၶာကိုယ္ကို ဦးဝင္းဦးပုံစံသ႐ုပ္ေဆာင္ဖို႔ (၄၅) ရက္

တာကာလအတြင္းမွာ ဝိတ္ခ်ၿပီး ျပန္လည္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဒီဗြီဒီယိုေလးထဲမွာ ဦးဝင္းဦးအသံတုကို ပီျပင္စြာေျပာခဲ့႐ုံမက ဦးဝင္းဦးရဲ႕ “မမမိုး” သီခ်င္းကိုပါ အသံတုနဲ႔ ပိုင္ႏိုင္စြာ သီဆိုခဲ့ပါေသးတယ္။ ေနတိုးကေ

တာ့ ဒီဗြီဒီယိုေလးကို ဖန္တီးရျခင္းက ပရိသတ္ေတြကို အခ်ိန္တိုေလးအတြင္းမွာ စိတ္အပန္းေျဖၿပဳံး႐ႊင္ေစဖို႔ ရည္႐ြယ္ကာ ႐ိုက္ကူးထားတာျဖစ္ၿပီး ဦးဝင္းဦးကို

ေလးစားတန္ဖိုးထားတဲ့အေနနဲ႔ ႐ိုက္ကူးဖန္တီးထားျခင္း ျဖစ္ပါတယ္တဲ့ပရိသတ္ႀကီးေရ… အသံပိုင္းသာမက သ႐ုပ္ေဆာင္ပိုင္းပါ ပီျပင္လွတဲ့ ေနတိုးရဲ႕ ဦးဝင္းဦးနဲ႔

ေနတိုး ႏွစ္ကိုယ္ခြဲဗြီဒီယိုေလးကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Nay Toe

Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ နေတိုးကတော့ အချစ်၊အလွမ်း၊အကြမ်း၊ဟာသ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အပြင် သူများ

ထက်အားသာချက်တွေအနေနဲ့ အသံကောင်းသူတစ်ယောက် ဖြစ်သလို Special Make-up Effect တွေကိုပါ ပိုင်နိုင်စွာ လိမ်းခြယ်နိုင်သူတစ်ယောက်ပါ။

ဒီနေ့မှာတော့ နေတိုးက သူပိုင်နိုင်တဲ့ပညာရပ်တွေအကုန်သုံးပြီး ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးတစ်ခုကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးခဲ့ပါတယ်။

ကိုဗစ်ကာလ အိမ်မှာနားနေစဉ် ဝိတ်တက်လာတဲ့အပေါ်မှာ စွယ်စုံရအနုပညာရှင် ဦးဝင်းဦးရဲ့ ဝေဖန်ထောက်ပြချက်ကို ပြန်လည်ဆင်ခြေပေးထားတာကို

စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးဖြစ်ပြီး ဒီဗွီဒီယိုလေးကို ဖန်တီးခဲ့ရာမှာတော့ လွန်ခဲ့တဲ့ (၄၅) ရက်က ဝိတ်တက်နေတဲ့ခန္ဓာကိုယ်ကို ဦးဝင်းဦးပုံစံ

သရုပ်ဆောင်ဖို့ (၄၅) ရက်တာကာလအတွင်းမှာ ဝိတ်ချပြီး ပြန်လည်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဗွီဒီယိုလေးထဲမှာ ဦးဝင်းဦးအသံတုကို ပီပြင်စွာပြောခဲ့ရုံမက ဦးဝင်းဦးရဲ့ “မမမိုး” သီချင်းကိုပါ အသံတုနဲ့ ပိုင်နိုင်စွာ သီဆိုခဲ့ပါသေးတယ်။ နေတိုး

ကတော့ ဒီဗွီဒီယိုလေးကို ဖန်တီးရခြင်းက ပရိသတ်တွေကို အချိန်တိုလေးအတွင်းမှာ စိတ်အပန်းဖြေပြုံးရွှင်စေဖို့ ရည်ရွယ်ကာ ရိုက်ကူးထားတာဖြစ်ပြီး ဦး

ဝင်းဦးကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ရိုက်ကူးဖန်တီးထားခြင်း ဖြစ်ပါတယ်တဲ့ပရိသတ်ကြီးရေ… အသံပိုင်းသာမက သရုပ်ဆောင်ပိုင်းပါ ပီပြင်လှတဲ့ နေတိုးရဲ့

ဦးဝင်းဦးနဲ့ နေတိုး နှစ်ကိုယ်ခွဲဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Nay Toe

Rainbow- Cele Gabar