ဆယ်လီသတင်း

သိန်းတစ်သောင်းခွဲထီဆုကြီး ကံထူးခဲ့တဲ့ သူငယ်ချင်းအတွက် ဝမ်းသာဂုဏ်ယူနေတဲ့ ယုန်လေး









Unicode ဖြင့်ဖတ်ပါ
★★★★★

ဒီနေ့ သြဂုတ်လ(၁) ရက်နေ့မှာတော့ (၁၈) ကြိမ်မြောက် အောင်ဘာလေထီကို ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး အမြင့်ဆုံးသိန်းတစ်သောင်းခွဲဆုကြီးကိုတော့ ရန်ကုန်မြို့

မှ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ တာမွေမြို့နယ်က ကိုကျော်စွာက ဆွတ်ခူးခဲ့တာဖြစ်ပြီး ယုန်လေးကတော့ ကံကောင်းလွန်းတဲ့

သူ့ရဲ့သူငယ်ချင်းဆီသွားကာ ဂုဏ်ပြုစကားပြောကြားရင်း ပရိသတ်ကိုပါ မျှဝေခဲ့ပါတယ်။ ” ဒီနေ့ ထီ သိန်း ၁သောင်းခွဲ ပေါက်ပါပြီ… ကျွန်တော်မဟုတ်ဘူး

ကျွန်တော့် သူငယ်ချင်း … ဘာပဲ ပြောပြော ရန်ကုန် ကလူတွေ ကံပွင့်လာပြီ …. ကိုယ်တွေများ (၅) သောင်း

ဆုကို (၂) နှစ် နေလောက်မှ တစ်ခါပေါက်တယ်…. သူနားနည်းနည်း သွားပြီး ကံကောင်းတဲ့ ဓာတ်တွေ လာယူတာ .ဂုဏ် ယူပါတယ် . ကံထူးရှင်

ကြီး ကိုကျော်စွာ ” ဆိုတဲ့စာသားလေးနဲ့အတူ သူငယ်ချင်းဖြစ်သူနဲ့ ပုံရိပ်လေးကို မျှဝေခဲ့ပါတယ်။ သိန်း

တစ်သောင်းခွဲဆုကြီးကတော့ နယ်တွေမှာ အများဆုံးပေါက်လေ့ရှိတဲ့အပြင် ဒီတစ်ခေါက်မှာတော့ ရန်ကုန်မှာပေါက်ရုံမက သူငယ်ချင်းအရင်းကြီးက

ကံထူးသွားတာကြောင့် ယုန်လေးကတော့ ဝမ်းသာဂုဏ်ယူစွာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Source : Yone Lay | Reference & Credit : Cele Gabar