ျပည္တြင္းသတင္း

ရတနာပုံ သီခ်င္းျဖင့္ ေစာင္းအစြမ္းျပတီးခတ္ သီဆိုႏိုင္သူပါရမီ ရွင္ ကေလးငယ္ (၂) ဦး ( ႐ုပ္/သံ)

“ဇမၺဴလက်္ာေတာင္ ကြၽန္း… ဆုသြန္းမယ္အဖုံဖုံ… ေဘးဘယာ အစုံ… ေဝးၾကအ ကုန္….. ဇမၺဴလက်္ာေတာင္ကြၽန္း… ဆုသြန္းမယ္အဖုံဖုံ… ေဘးဘယာအစုံ… ေဝး

ၾကအ ကုန္” ဒါကေတာ့ ျမန္မာ့ ဂႏၳဝင္ ဂီတပညာရွင္ အလကၤာေက်ာ္စြာ ေ႐ႊျပည္ေအး ရဲ႕ နာမည္ ႀကီး သီခ်င္းတပုဒ္ျဖစ္တဲ့ “ရတနာပုံ”သီခ်င္းျဖစ္ၿပီး ျမန္မာ

ျပည္သိန္းတန္အပါအဝင္ အဆို ေတာ္ေပါင္း မ်ားစြာက ျပန္လည္ သီဆိုခဲ့ၾကၿပီး ေခတ္အဆက္ဆက္ လက္ဆင့္ကမ္းသယ္ ေဆာင္လာၾကတဲ့ သီခ်င္းတပုဒ္ ျဖစ္

ပါတယ္။

ဒီတခါမွာေတာ့ ဒီသီခ်င္းကို ကေလးအ႐ြယ္ နဲ႔ မမွ်ေအာင္ အႏုပညာ အရည္အေသြး ျပႏိုင္တဲ့ ညီအစ္မ ၂ ေယာက္ရဲ႕ ေစာင္းတီးခတ္သီဆိုဟန္နဲ႔ ရႈစားနားဆင္

ၾကရမွာ ျဖစ္ပါ တယ္။ ျမန္မာ့ေစာင္းေကာက္ ဟာ သာမန္အေျခအေန မွာေတာင္ တီးႏိုင္ဖို႔ မလြယ္ကူတဲ့ အ ေျခအေနမွာ ဒီကေလးငယ္ ၂ ေယာက္ရဲ႕ ဗီဇနဲ႔

ပါရမီကို ဒီ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာ ရႈစားၾက ရမွာပါ။

သမိုင္းအေထာက္ အထားေတြအရေတာ့ ျမန္မာ့ေစာင္း ဟာ ခရစ္ႏွစ္ ၈၀၂ ခုႏွစ္ ပ်ဴ ေခတ္ကတည္းက ေပၚေပါက္ခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာ့ ေရွးဦးတူရိ

ယာေတြ ျဖစ္ၾက တဲ့ ေၾကး၊ ႀကိဳး၊ သားေရ၊ ေလ၊ လက္ခုပ္စတဲ့ တူရိယာငါးပါးထဲ မွာလည္း ေစာင္းဟာ တခု အပါအဝင္ျဖစ္ၿပီး ျမန္မာ့ေစာင္းကို ႀကိဳးတပ္ တူရိ

ယာေတြအနက္ တူရိယာ ဘုရင္ လို႔ တင္ စားေခၚေဝၚခဲ့ ၾကပါတယ္။ ထီးနန္းအဆက္ဆက္သုံးစြဲခဲ့တဲ့ ေစာင္း ကို ဂႏၶဗၺေစာင္း၊ ဒါမွမ ဟုတ္ ဇာတိေစာင္းလို႔ ေခၚ

ပါတယ္။ ဒီေစာင္းမွာ ႀကိဳး ၇ ႀကိဳးပါဝင္ၿပီး ေနာက္ပိုင္း မွာ ေတာ့ ႀကိဳး ၁၃ ႀကိဳးကေန ၁၆ ႀကိဳးအထိ တီထြင္ လာခဲ့ၾကတာပါ။

“ရတနာပုံ သြန္းၿဖိဳး ေ႐ႊမိုးေတြ ကေဝျဖာပုံ… သုံးမကုန္ ျဖဳန္းမကုန္ အလုံးစုံရည္ မွန္း… အလႉအတန္း ေပးလို႔မကုန္… ရတနာပုံ သြန္းၿဖိဳး ေ႐ႊမိုးေတြကေဝျဖာပုံ…

သုံးမ ကုန္ ျဖဳန္းမကုန္… အလုံးစုံရည္မွန္း… အလႉအတန္း ေပးလို႔မကုန္” အစ္မျဖစ္သူက ေစာင္းကို ကြၽမ္းကြၽမ္းက်င္က်င္ နဲ႔ တီးခတ္ၿပီး ညီမျဖစ္သူရဲ႕ မပီတ ပီနဲ႔

သီခ်င္းႀကီးကို ပိုင္ပိုင္ႏိုင္ႏိုင္ စည္းနဲ႔ ဝါးလိုက္ၿပီး သီဆို ေနပုံက တကယ့္ကို ခ်ီးက်ဳးခ်င္ စရာ ေကာင္းလွပါတယ္။ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ ဖခင္ျဖစ္ သူရဲ႕

Chantha Htun အမည္နဲ႔ ေဖ့စ္ဘြတ္ခ္လူမႈ ကြန္ရက္ ေပၚကေန “ေစာင္း တီးတမ္း ေဆာ့ၾကသတဲ့ဗ်ာ”လို႔ ေရးသားၿပီး မွ်ေဝထား ခဲ့တာ ပါ။

Unicode

“ဇမ္ဗူလကျ်ာတောင် ကျွန်း… ဆုသွန်းမယ်အဖုံဖုံ… ဘေးဘယာ အစုံ… ဝေးကြအ ကုန်….. ဇမ္ဗူလကျ်ာတောင်ကျွန်း… ဆုသွန်းမယ်အဖုံဖုံ… ဘေးဘယာအစုံ…

ဝေးကြအ ကုန်” ဒါကတော့ မြန်မာ့ ဂန္ထဝင် ဂီတပညာရှင် အလင်္ကာကျော်စွာ ရွှေပြည်အေး ရဲ့ နာမည် ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ရတနာပုံ”သီချင်း

ဖြစ်ပြီး မြန်မာပြည်သိန်းတန်အပါအဝင် အဆို တော်ပေါင်း များစွာက ပြန်လည် သီဆိုခဲ့ကြပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ် ဆောင်လာကြတဲ့

သီချင်းတပုဒ် ဖြစ် ပါတယ်။

ဒီတခါမှာတော့ ဒီသီချင်းကို ကလေးအရွယ် နဲ့ မမျှအောင် အနုပညာ အရည်အသွေး ပြနိုင်တဲ့ ညီအစ်မ ၂ ယောက်ရဲ့ စောင်းတီးခတ်သီဆိုဟန်နဲ့

ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။ မြန်မာ့စောင်းကောက် ဟာ သာမန်အခြေအနေ မှာတောင် တီးနိုင်ဖို့ မလွယ်ကူတဲ့ အ ခြေအနေမှာ ဒီကလေး

ငယ် ၂ ယောက်ရဲ့ ဗီဇနဲ့ ပါရမီကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရှုစားကြ ရမှာပါ။

သမိုင်းအထောက် အထားတွေအရတော့ မြန်မာ့စောင်း ဟာ ခရစ်နှစ် ၈၀၂ ခုနှစ် ပျူ ခေတ်ကတည်းက ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့

ရှေးဦးတူရိယာတွေ ဖြစ်ကြ တဲ့ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့ တူရိယာငါးပါးထဲ မှာလည်း စောင်းဟာ တခု အပါအဝင်ဖြစ်ပြီး မြန်မာ့စောင်း

ကို ကြိုးတပ် တူရိယာတွေအနက် တူရိယာ ဘုရင် လို့ တင် စားခေါ်ဝေါ်ခဲ့ ကြပါတယ်။ ထီးနန်းအဆက်ဆက်သုံးစွဲခဲ့တဲ့ စောင်း ကို ဂန္ဓဗ္ဗစောင်း၊ ဒါမှမ

ဟုတ် ဇာတိစောင်းလို့ ခေါ်ပါတယ်။ ဒီစောင်းမှာ ကြိုး ၇ ကြိုးပါဝင်ပြီး နောက်ပိုင်း မှာ တော့ ကြိုး ၁၃ ကြိုးကနေ ၁၆ ကြိုးအထိ တီထွင် လာခဲ့ကြတာပါ။

“ရတနာပုံ သွန်းဖြိုး ရွှေမိုးတွေ ကဝေဖြာပုံ… သုံးမကုန် ဖြုန်းမကုန် အလုံးစုံရည် မှန်း… အလှူအတန်း ပေးလို့မကုန်… ရတနာပုံ သွန်းဖြိုး ရွှေမိုးတွေ

ကဝေဖြာပုံ… သုံးမ ကုန် ဖြုန်းမကုန်… အလုံးစုံရည်မှန်း… အလှူအတန်း ပေးလို့မကုန်” အစ်မဖြစ်သူက စောင်းကို ကျွမ်းကျွမ်းကျင်ကျင် နဲ့ တီးခတ်ပြီး

ညီမဖြစ်သူရဲ့ မပီတ ပီနဲ့ သီချင်းကြီးကို ပိုင်ပိုင်နိုင်နိုင် စည်းနဲ့ ဝါးလိုက်ပြီး သီဆို နေပုံက တကယ့်ကို ချီးကျုးချင် စရာ ကောင်းလှပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်

ကိုတော့ ဖခင်ဖြစ် သူရဲ့ Chantha Htun အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက် ပေါ်ကနေ “စောင်း တီးတမ်း ဆော့ကြသတဲ့ဗျာ”လို့ ရေးသားပြီး မျှဝေ

ထား ခဲ့တာ ပါ။