ပြည်တွင်းသတင်း


======================================================


သိရသည်။






ခရီးစဉ်အတွင်း မြစ်ရေကြီးနေစဉ်ကာလဖြစ်သော်လည်း ဧရာဝတီလင်းပိုင် ၇ ကောင် တစ်အုပ်အား မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာ အနီးရေပြင်တွင်ေ


KMY

Photo – WCS

Unicode

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် ငါးလုပ်ငန်းဉီးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်
======================================================

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် ဩဂုတ်လ ၁ ရက် နံနကိပိုင်းက ငါးလုပ်ငန်းဦးစီးဌာနနှင့် တာ၀န်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ခဲ့

ကြောင်းခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ငါးလုပ်ငန်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးဌာနမှူး၊ စစ်ကိုင်းတိုင်း

ဒေသကြီး တိုင်းဦးစီးဌာနမှူး၊ ခရိုင်မှူး၊ မြို့နယ်မှူးများ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့

ပူးပေါင်း၍ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၁ အတွင်း ဧရာဝတီလင်းပိုင် (၀၀၁) ရေယာဉ်ဖြင့် ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကွင်းဆင်းဆောင်ရွက်စဉ် အတွင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး၊ ငါးသယံဇာတ ထိန်းသိမ်းရေး၊ ဘက္ထရီ‌

ရှော့တိုက်ငါးဖမ်းဆီးမှု ပပျောက်ရေးတို့အတွက် ရှေ့ဆက်၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များ လမ်းညွှန်

မှာကြား‌ခဲ့သည်။

ခရီးစဉ်အတွင်း မြစ်ရေကြီးနေစဉ်ကာလဖြစ်သော်လည်း ဧရာဝတီလင်းပိုင် ၇ ကောင် တစ်အုပ်အား မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာ အနီးရေပြင်

တွင် တွေ့ရှိခဲ့ရသည်ဟု သိရသည်။

KMY

Photo – WCS