တရားႏွင့္ဂါထာေတာ္

ဥပုသ္ဘာေၾကာင့္ ေစာင့္သလဲ

ဥပုသ္ဘာေၾကာင့္ ေစာင့္သလဲ
══════════════
.
ဥပုသ္ေစာင့္တာဟာ

ဥပုသ္ေန႔ျဖစ္လို႔ ေစာင့္တာလား…

နတ္ျပည္လိုခ်င္လို႔ ေစာင့္တာလား…

နိဗၺာန္လိုခ်င္လို႔ ေစာင့္တာလား…

ဘာရည္႐ြယ္ခ်က္ေတြ ရွိေသးလဲ..

တကယ္က-

ဥပုသ္သီလရဲ႕အက်ိဳးေက်းဇူးကို

ဆင္ျခင္သုံးသပ္ၿပီးေတာ့မွ

ဥပုသ္ေစာင့္တာဟာ…

ပိုၿပီး အႏွစ္သာရ ရွိတယ္ေပါ့။

ရာဂႏွိမ္ရန္ ဥပုသ္ေစာင့္မယ္။

ေဒါသႏွိမ္ရန္ ဥပုသ္ေစာင့္မယ္။

ေလာဘႏွိမ္ရန္ ဥပုသ္ေစာင့္မယ္။

မာနႏွိမ္ရန္ ဥပုသ္ေစာင့္မယ္။

အစရွိသည္ျဖင့္ေပါ့။

ခႏၲီဆိုတဲ့ သည္းခံျခင္းကို

အေၾကာင္းျပဳၿပီး ေစာင့္တာပဲျဖစ္ျဖစ္

အဆာခံၿပီး ေစာင့္တာပဲျဖစ္ျဖစ္

ေပ်ာ္စရာေတြကို စြန္႔ခြာၿပီး

ေစာင့္တာပဲျဖစ္ျဖစ္

ဒီအရည္အခ်င္းေတြဟာ

သူေတာ္စင္ေတြရဲ႕

တကယ့္အရည္အခ်င္းေတြပါပဲ။

ျမင့္ျမတ္တဲ့ အက်င့္ေတြနဲ႔ ေနထိုင္ၿပီး

ဥပုသ္သီလ ေစာင့္ထိန္းျခင္းဟာ…

သူေတာ္စင္ေတြရဲ႕

အေလ့အထ တစ္ခုျဖစ္သည့္အတြက္ေၾကာင့္

ရည္႐ြယ္ခ်က္ မွန္မွန္ကန္ကန္နဲ႔

ျမတ္ျမတ္ႏိုးႏိုး ထိန္းသိမ္းေစာင့္ေရွာက္တဲ့

ဥပုသ္သီလဟာ…

ျမတ္စြာဘုရားသခင္ ကိုယ္ေတာ္ျမတ္ႀကီးရဲ႕

သာသနာေတာ္နဲ႔ ႀကဳံေတြ႕ခိုက္

သာသနာတြင္း ဥပုသ္ျဖစ္လို႔

သာသနာပမွာ ေစာင့္တဲ့

ဥပုသ္သီလထက္ ျမတ္ပါတယ္။

သီလရဲ႕တန္ဖိုးရွိမႈကို

ယုံယုံၾကည္ၾကည္ ေလးေလးစားစား

တန္ဖိုးထားၿပီး

ကုသိုလ္တရားျဖစ္ပြားေအာင္

က်င့္ႀကံႀကိဳးကုတ္

ႀကိဳးစားအားထုတ္ႏိူင္ၾကပါေစ။

ေဒါက္တာနႏၵမာလာဘိဝံသ

(ဥပုသ္သည္တို႔၏ စကားဝိုင္း)မွ

ကူးယူပူေဇာ္ပါသည္။

အေမွာင္ေပ်ာက္၍

အလင္းေရာက္ပါေစ။
.
.
{ပ႒ာန္းပူေဇာ္ၾကသူမ်ား}့

Unicode

ဥပုသ်ဘာကြောင့် စောင့်သလဲ
══════════════
.
ဥပုသ်စောင့်တာဟာ

ဥပုသ်နေ့ဖြစ်လို့ စောင့်တာလား…

နတ်ပြည်လိုချင်လို့ စောင့်တာလား…

နိဗ္ဗာန်လိုချင်လို့ စောင့်တာလား…

ဘာရည်ရွယ်ချက်တွေ ရှိသေးလဲ..

တကယ်က-

ဥပုသ်သီလရဲ့အကျိုးကျေးဇူးကို

ဆင်ခြင်သုံးသပ်ပြီးတော့မှ

ဥပုသ်စောင့်တာဟာ…

ပိုပြီး အနှစ်သာရ ရှိတယ်ပေါ့။

ရာဂနှိမ်ရန် ဥပုသ်စောင့်မယ်။

ဒေါသနှိမ်ရန် ဥပုသ်စောင့်မယ်။

လောဘနှိမ်ရန် ဥပုသ်စောင့်မယ်။

မာနနှိမ်ရန် ဥပုသ်စောင့်မယ်။

အစရှိသည်ဖြင့်ပေါ့။

ခန္တီဆိုတဲ့ သည်းခံခြင်းကို

အကြောင်းပြုပြီး စောင့်တာပဲဖြစ်ဖြစ်

အဆာခံပြီး စောင့်တာပဲဖြစ်ဖြစ်

ပျော်စရာတွေကို စွန့်ခွာပြီး

စောင့်တာပဲဖြစ်ဖြစ်

ဒီအရည်အချင်းတွေဟာ

သူတော်စင်တွေရဲ့

တကယ့်အရည်အချင်းတွေပါပဲ။

မြင့်မြတ်တဲ့ အကျင့်တွေနဲ့ နေထိုင်ပြီး

ဥပုသ်သီလ စောင့်ထိန်းခြင်းဟာ…

သူတော်စင်တွေရဲ့

အလေ့အထ တစ်ခုဖြစ်သည့်အတွက်ကြောင့်

ရည်ရွယ်ချက် မှန်မှန်ကန်ကန်နဲ့

မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်တဲ့

ဥပုသ်သီလဟာ…

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့

သာသနာတော်နဲ့ ကြုံတွေ့ခိုက်

သာသနာတွင်း ဥပုသ်ဖြစ်လို့

သာသနာပမှာ စောင့်တဲ့

ဥပုသ်သီလထက် မြတ်ပါတယ်။

သီလရဲ့တန်ဖိုးရှိမှုကို

ယုံယုံကြည်ကြည် လေးလေးစားစား

တန်ဖိုးထားပြီး

ကုသိုလ်တရားဖြစ်ပွားအောင်

ကျင့်ကြံကြိုးကုတ်

ကြိုးစားအားထုတ်နိူင်ကြပါစေ။

ဒေါက်တာနန္ဒမာလာဘိဝံသ

(ဥပုသ်သည်တို့၏ စကားဝိုင်း)မှ

ကူးယူပူဇော်ပါသည်။

အမှောင်ပျောက်၍

အလင်းရောက်ပါစေ။
.
.
{ပဋ္ဌာန်းပူဇော်ကြသူများ}့