FEATURE

လွန်ခဲ့တဲ့ (၆)နှစ်ခန့်က ကွယ်လွန်သွားတဲ့ဖခင်ကိုလွမ်းဆွတ်တမ်းတနေတဲ့ နော်မာသထူးဝါး

ကရင်တိုင်းရင်းသူလေး နော်မာသထူးဝါးကတော့ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ ကိုရီးယားနိုင်ငံအထိအောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။အသက်အရွယ်နဲ့မလိုက်ဖက်အောင်ထူးချွန်လှတဲ့ နော်မာသထူးဝါးကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ရုပ်သံလိုင်းမှာ KBS ကလေးအစီအစဉ်ကိုပါဝင်ခဲ့ပြီး Winnerဆုရရှိတဲ့အထိ အောင်မြင်မှုတွေရရှိထားခဲ့ပါသေးတယ်။

နော်မာသထူးဝါးရဲ့ဖခင်ဖြစ်သူစောထူးဝါးကလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုရရှိထားခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီးလွန်ခဲ့တဲ့ (၆)နှစ်ခန့်ကတော့ကွယ်လွန်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့နော်မာသထူးဝါးက ဖခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတနေမိတဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဝမ်းနည်းကြေကွဲစွာနဲ့ဖော်ပြလာခဲ့ပါတယ်။

“(၆)နှစ်။ ဖေဖေ့ကိုလွမ်းတယ်။ အဖေက ကောင်းကင်ကြီးကနေအမြဲကြည့်နေတယ်။ဖေဖေ့ကို အရမ်းချစ်တယ်။”လို့ဆိုကာ ဖခင်ဖြစ်သူနဲ့အတူရိုက်ကူးထားတဲ့ ငယ်ဘဝကပုံလေးတွေနဲ့အတူ ဖခင်ကိုသတိရလွမ်းဆွတ်ကြောင်းဖော်ပြလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေဖခင်ကို လွမ်းဆွတ်တမ်းတနေတဲ့ နော်မာသထူးဝါကိုအားပေးနှစ်သိမ့်စကားလေးတွေပြောသွားခဲ့ပေးပါဦး ပရိသတ်ကြီးရေ…

Credit – CeleGabar

Leave a Comment