Celebrities

ကြည့်ရှုသူ (၁၀)သိန်းနီးပါး ရှိတဲ့ မေလသံစဉ်ရဲ့ ရွှေကြိုပြိုင်ပွဲဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ မေလသံစဉ်ကတော့ မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာသူဖြစ်ပါတယ်။ချိုသာတဲ့ အပြုံးလေးတွေအပြင် ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားပြီး အဆိုပညာမှာလည်း အရွယ်နဲ့မလိုက်အောင်တော်လွန်းသူလေးလို့ ဆိုရမှာပါ။ “ ကိုယ်စောင့် နတ်” သီချင်းကို Cover Song အဖြစ် ပြန်လည် သီဆိုခဲ့တဲ့အချိန်မှာလည်း အမျိုးသားထုကြီး တခဲနက်အားပေးခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွှေကြိုပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတယ်လို့ သိရပြီး အနုပညာမျိုးရိုးကဆင်းသက်လာသူဖြစ်လို့ သရုပ်ဆောင်ရတာကို ဝါသနာကြီးသူလို့ သိရပါတယ်။ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ နောက်ထပ် အချက်လေးကတော့ ပရိသတ်တွေအသည်းတယားယား ဖြစ်အောင် TikTokလေးတွေဆော့ကစား တတ်သူလေးပဲ ဖြစ်ပါတယ်။

ဟလတ်တလောမှာတော့ (၂၀၁၉ ) အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြို အဖြစ်ပါဝင်ယှဉ်ပြိုင်နေတာပဲ ဖြစ်ပါတယ်။ လတတ်တလောယှဉ်ပြိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကတော့ “ရုန်းတော်လွှတ်တော်”မူရင်းသီချင်းလေးကိုSK38ကိုကျော်ဇင်နဲ့အတူသရုပ်ဆောင်ကာ ယှဉ်ပြိုင်ခဲ့တာပါနော်။ ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ယှဉ်ပြိုင်ထားတဲ့ မေလသံစဉ်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Credit Cele Connections

Leave a Comment