local news

ကပ်ကြီး သုံးပါး ကျော်လွှားနိုင်စေဖို့ မင်းကွန်းဆရာတော်ကြီး၏

ကပ်ကြီး သုံးပါး ကျော်လွှားနိုင်စေဖို့ မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ

(၁)။ သူတကာတွေ လောဘကြီးသော်လည်းမိမိက လောဘမကြီးအောင်နေပါ။ထိုသို့နေလျှင် သူတကာငတ်မွတ်ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း မိမိမှာထိုဘေးမှ လွတ်မြောက်မည်။(၂)။ သူတကာတွေ ဒေါသကြီးသော်လည်းမိမိကေဒေါသမကြီးအောင်နေပါထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။(၃)။ သူတကာတွေ မောဟကြီးသော်လည်းမိမိက မောဟမကြီးအောင်နေပါ။

ထိုသို့နေလျှင် သူတကာ အနာရောဂါဘေးဆိုး (ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။

ဤကား ကျေးဇူးတော်ရှင်မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည်။ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား ထိုသြဝါအတိုင်းလိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍

(၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှစွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။ (ဒါန၊ စာဂ)(၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။(မေတ္တာ ဘာဝနာ)(၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကိုအချိန်ရသမျှ ဆင်ခြင်ပါ။ (ဝိပဿနာဘာဝနာ)

(တိပိဋကဓရ၊တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး)soe

Unicode Version​ဖြ​င့်ဖတ်ရန်

ကပ်ကြီး သုံးပါး ကျော်လွှားနိုင်စေဖို့ မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ

(၁)။ သူတကာတွေ လောဘကြီးသော်လည်းမိမိက လောဘမကြီးအောင်နေပါ။ထိုသို့နေလျှင် သူတကာငတ်မွတ်ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း မိမိမှာထိုဘေးမှ လွတ်မြောက်မည်။(၂)။ သူတကာတွေ ဒေါသကြီးသော်လည်းမိမိက ဒေါသမကြီးအောင်နေပါ။

ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။(၃)။ သူတကာတွေ မောဟကြီးသော်လည်းမိမိက မောဟမကြီးအောင်နေပါ။

ထိုသို့နေလျှင် သူတကာ အနာရောဂါဘေးဆိုး (ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။

ဤကား ကျေးဇူးတော်ရှင်မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည်။ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား ထိုသြဝါအတိုင်းလိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍

(၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှစွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။ (ဒါန၊ စာဂ)(၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။(မေတ္တာ ဘာဝနာ)(၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကိုအချိန်ရသမျှ ဆင်ခြင်ပါ။ (ဝိပဿနာဘာဝနာ)

(တိပိဋကဓရ၊တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး)soe

Leave a Comment