local news

ဘောနတ်ကြီးအမြန်လမ်းယာဉ်မတော်တဆမှု

17.3.2020 ရက်နေ့ ၀၉ ၅၅အချိန်ခန့်ရန်ကုန်-မန္တ‌လေးအမြန်လမ်းမိုင်တိုင်အမှတ် ၂၄/၁-၂ ကြား ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးရဲတပ်ဖွင့်ဝင်များနှင့် 192 တပ်ဖွဲ့ဝင်များ သွားရောက်ကူညီကယ်ဆယ်ရာ

ယာဉ်မောင်း သန်းမင်းလွင်(၃၈)နှစ်၊(ဘ)ဦးမြမောင်၊ ဒွေးလျကျေးရွာ၊ကျောက်ဆည်မြို့နယ်‌နေသူ မောင်းနှင်လာသော မန္တလာမင်း Express 1G/…….. SCANIA အမျိုးအစား အနီရောင် ယာဉ်ပေါ်တွင် ယာဉ်မောင်း/ယာဉ်နောက်လိုက်အပါအဝင် ခရီးသည် ကျား ၁၇ ဦး မ ၁၆ဦး ပေါင်း၃၃ဦး တို့အား

တင်ဆောင်မောင်းနှင်လာစဉ် လားရာတူ ရှေ့မှ ယာဉ်မောင်း ဦးအောင်သူရ(၄၂)နှစ်၊(ဘ) ဦးသောင်းမြင့်၊ ရှမ်းကိုင်းကျေးရွာ၊ ဝေါမြို့နယ်‌နေသူမောင်းနှင်နေသည့် 5N/…… Forland ယာဉ်အမျိုးအစားအပြာရောင် ယာဉ်၏ နောက်ပိုင်းအား

ဝင်ရောက်တိုက်မိပြီး လမ်းပေါ်တွင် ရပ်တန့်သွားခဲ့ကာ ‘မန္တလာမင်း’ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ဒဏ်ရာရရှိ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် 192တပ်ဖွဲ့ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ကျန်ခရီးသည်များ နှင့် Forland ယာဉ်မောင်းတိုတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပါ။Pyae Kyaw

Unicode Versionဖြ​င့်ဖတ်ရန်

Leave a Comment