ဆယ္လီသတင္း

ဦးေက်ာ္သူရဲ႕နာေရးကူညီမႈအသင္းႀကီးအား တစ္ေန႔တာလုပ္အားကုသိုလ္ပါ၀င္ေနတဲ့ မင္းသမီးေခ်ာ ေလး ေမျမင့္မိုရ္

ပရိသတ္ႀကီးေရ… လူတစ္ေယာက္ရဲ႕ေနာက္ဆုံးခရီးကိုအခက္အခဲမရွိ ေျဖာင့္ေျဖာင့္ျဖဴးျဖဴးသြားႏိုင္ေအာင္ ရည္႐ြယ္ခ်က္နဲ႔ ဖြဲ႕စည္းတည္ေထာင္

ထားတဲ့ ဦးေက်ာ္သူရဲ႕နာေရးကူညီမႈအသင္းႀကီးကေတာ့ လူမႈအဖြဲ႕အစည္းအတြက္ အေရးပါတဲ့အသင္းႀကီးတစ္ခုလို႔ ဆိုရမွာပါေနာ္။ ရွင္ေရး

အတြက္ ကုသိုလ္ဒါနျပဳဖို႔ကအေရးပါသလို နာေရးအတြက္လည္း အခုလိုကူညီေပးတဲ့အသင္းႀကီးေတြရွိေနတာက တကယ္ကို မဂၤလာတစ္ပါး

ပါ။

ဦးေက်ာ္သူကေတာ့ သူကိုယ္တိုင္လည္း ေန႔စဥ္ေန႔တိုင္း နာေရးကူညီေပးေနသလို ဦးေက်ာ္သူကိုခ်စ္ခင္ေလးစားၿပီး ကုသိုလ္လိုခ်င္တဲ့ အႏု

ပညာရွင္ေတြလည္း လာေရာက္ကူညီေပးၾကတာကို ေတြ႕ျမင္ၾကမွာပါ။ ဒီေန႔မွာေတာ့ တစ္ေန႔တာလုပ္အားကုသိုလ္အေနနဲ႔ မင္းသမီးေခ်ာ

ေလး ေမျမင့္မိုရ္က ပါဝင္ကူညီေပးခဲ့ပါတယ္။

လူေသအေလာင္းသြားသယ္တာ၊ စာရင္းမွတ္တာအျပင္ သုသာန္ပို႔ေဆာင္ေပးတာေတြကို တေန႔တာကုသိုလ္အေနနဲ႔ ဦးေက်ာ္သူနဲ႔အတူ

လိုက္ပါကူညီေပးခဲ့ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝခဲ့ပါတယ္။ သာမန္လူေတြလုပ္ဖို႔ခက္ခဲတဲ့ လုပ္အားအလႉဒါနကို မင္းသမီး

တစ္ေယာက္အေနနဲ႔ စိတ္အားထက္သန္စြာပါဝင္ကုသိုလ္ယူခဲ့တဲ့ ေမေလးရဲ႕တေန႔တာလုပ္အားဒါနေလးအတြက္ သာဓုေခၚေပးခဲ့ၾကပါဦးေနာ္။

Source – May Myint Mo

Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ… လူတစ်ယောက်ရဲ့နောက်ဆုံးခရီးကို အခက်အခဲမရှိ ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်အောင် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်း

တည်ထောင်ထားတဲ့ ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းကြီးကတော့ လူမှုအဖွဲ့အစည်းအတွက် အရေးပါတဲ့အသင်းကြီးတစ်ခုလို့ ဆို

ရမှာပါနော်။ ရှင်ရေးအတွက် ကုသိုလ်ဒါနပြုဖို့ကအရေးပါသလို နာရေးအတွက်လည်း အခုလိုကူညီပေးတဲ့အသင်းကြီးတွေရှိနေတာ

က တကယ်ကို မင်္ဂလာတစ်ပါးပါ။

ဦးကျော်သူကတော့ သူကိုယ်တိုင်လည်း နေ့စဉ်နေ့တိုင်း နာရေးကူညီပေးနေသလို ဦးကျော်သူကိုချစ်ခင်လေးစားပြီး ကုသိုလ်လိုချင်တဲ့

အနုပညာရှင်တွေလည်း လာရောက်ကူညီပေးကြတာကို တွေ့မြင်ကြမှာပါ။ ဒီနေ့မှာတော့ တစ်နေ့တာလုပ်အားကုသိုလ်အနေနဲ့

မင်းသမီးချောလေး မေမြင့်မိုရ်က ပါဝင်ကူညီပေးခဲ့ပါတယ်။

လူသေအလောင်းသွားသယ်တာ၊ စာရင်းမှတ်တာအပြင် သုသာန်ပို့ဆောင်ပေးတာတွေကို တနေ့တာကုသိုလ်အနေနဲ့ ဦးကျော်သူနဲ့အတူ

လိုက်ပါကူညီပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ သာမန်လူတွေလုပ်ဖို့ခက်ခဲတဲ့ လုပ်အား

အလှူဒါနကို မင်းသမီးတစ်ယောက်အနေနဲ့ စိတ်အားထက်သန်စွာပါဝင်ကုသိုလ်ယူခဲ့တဲ့ မေလေးရဲ့တနေ့တာလုပ်အားဒါနလေးအတွက်

သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Source – May Myint Mo

Rainbow- Cele Gabar