ဆယ်လီသတင်း

ချစ်သူ သက်တမ်း (၂)နှစ်ပြည့်သွားတဲ့ သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေး

Zawgyi ဖြင့်ဖတ်ပါ
★★★★★











Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ အဆိုတော် သားဂန်းနဲ့ မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်တို့ စုံတွဲလေးကတော့ ပရိသတ်တွေ စုံတွဲလိုက်ကို

ချစ်ခင်အားပေးရတဲ့ ချစ်စရာကောင်းလှတဲ့ မနဲ့ မောင် စုံတွဲလေးပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့ ပရိသတ်တွေ အားကျ

နေရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ တစ်တွဲအနေနဲ့ အပါအဝင်ပါ။

ဒီနေ့မှာတော့ သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်စရာစုံတွဲလေးကတော့ ဒီနေ့မှာ ချစ်သူ သက်တမ်း(၂)နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သားဂန်းကတော့

ဒီနေ့ချစ်သူသက်တမ်း (၂)နှစ်ပြည့်နေ့လေးအတွက်ကို “ဒီကမ္ဘာကြီးတစ်ခုလုံးမှာ သူမ ရင်ခွင်တစ်ခုကိုပဲ တမ်းတမ်းတတဖက်တွယ်ခဲ့တာ သူမ ရှိ

နေရင် ကဣစ္ဆာသယပမာ ကျွန်တော်ဘဝပြည့်စုံခဲ့တာပါ။ ကျွန်တော်တို့ချစ်ခြင်းမှတ်တိုင်(၂)နှစ်ပြည့်ခဲ့ပြီလေ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက

နေ အချစ်ပိုရအောင် (၂)နှစ်ပတ်အမှတ်တရစကားလေးတွေဆိုထားပါသေးတယ်။

သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးရဲ့အမာခံပရိသတ်တွေကလည်း သားဂန်းနဲ့ ဘေဘီမောင်တို့စုံတွဲလေးရဲ့ ချစ်သူသက်တမ်း (၂)နှစ်ပြည့်လေးအတွက်

အမှတ်တရလက်ဆောင်လေးတွေကို ပို့ပေးခဲ့တာကြောင့် လက်ဆောင်လေးတွေအတွက် ကျေးဇူးတင်ကြောင့်ကိုလည်း သားဂန်းက ဖော်ပြထားပါသေးတယ်။

Happy Anniversary ပါ သားဂန်းနဲ့ ဘေဘီရေ သက်ဆုံးတိုင်ရွှေလက်တွဲနိုင်ပါစေလို့ CeleZone ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

credit;